အောင်လံမြို့၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပြည်သူဗဟိုပြု လုပ်ငန်းစီမံကိန်းများ အဆိုပြုတင်ပြနိုင်ရေးအတွက် အတည်ပြုရွေးချယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပြည်သူဗဟိုပြုလုပ်ငန်းစီမံကိန်းများ အဆိုပြုတင်ပြနိုင်ရေးအတွက် အတည်ပြုရွေးချယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၆ ရက် နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။








