အောင်မြေသာစံမြို့နယ် ပုလဲငွေရောင်ရပ်ကွက် အကွက်(၁၅၉)တွင် Semi-Lockdown ချထား၍ အသွားအလာများ ကန့်သတ်ပိတ်ပင်
မန္တလေး အောင်မြေသာစံမြို့နယ် ပုလဲငွေရောင်ရပ်ကွက်အတွင်းရှိ အကွက်(၁၅၉)တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် အတည်ပြုလူနာများနှင့် အနံ့မရရှိသူများ များပြားလာသဖြင့် ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းမှစတင်ကာ Semi-Lockdown ချထား၍ အသွားအလာများကန့်သတ်ပိတ်ပင်လိုက်ကြောင်း သိရသည်။







