ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုရှိ မဲသမူး-မဲသမူးခီးကျေးရွာကို ဆက်သွယ်ထားသော မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း  ၅၀ ရာခိုင်နှုန်းပြီးစီး

ကရင်ပြည်နယ် ဘားအံခရိုင် ရှမ်းရွာသစ်မြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသနှင့် ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန (ပြည်နယ်)ခွင့်ပြုရန်ပုံငွေကျပ်  ၇၃ ဒသမ ၅၂၀ သန်းဖြင့် ရှမ်းရွာသစ်မြို့ မဲသမူး-မဲသမူးခီးကျေးရွာသို့ ဆက်သွယ်ထားသော မြေသားလမ်း (၂)မိုင်ကို ဒီဇင်ဘာလဒုတိယပတ်က စတင် ဖောက်လုပ်လျက်ရှိပြီး ယခုအချိန်တွင် ၅၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဒလမြို့နယ်တွင် သဘာဝဘေးဒဏ်ခံ အဆောက်အဦတစ်ခု တည်ဆောက်မည်
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ဒလမြို့နယ်တွင် သဘာဝဘေးဒဏ်ခံ အဆောက်အဦတစ်ခု မကြာမီ တည်ဆောက်တော့မည်ဖြစ်ကြောင်း သိရ
ပူတာအိုမြို့နယ်တွင် ဒေသခံပြည်သူအိမ်ထောင်စုပေါင်း ၆၄၀၂ ဦး လျှပ်စစ်ဓါတ်အား ၂၄ နာရီသုံးစွဲနေပြီ
ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းရှိ အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံကို ၂၀၁၈ ခုနှစ် ဇွန်လတွင် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့ရာ ယခုအခါ အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံမှ ဖြန့်ဖြူးသည့် ဓါတ်အားဖြင့် ဒေသခံပြည်သူအိမ်ထောင်စုပေါင်း ၆၄၀၂ ဦးမှာ လျှပ်စစ်ဓါတ်အား ၂၄ နာရီသုံးစွဲ နေပြီဖြစ်ကြောင်း သိရသည်။ 
ကော့ကရိတ်မြို့ အုန်းတပင် ကျေးရွာတွင် သွားလာရေးအဆင်ပြေစေရန် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်
ကရင်ပြည်နယ် ကော့ကရိတ်မြို့ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန အကောင်အထည် ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်းတွင် ကော့ကရိတ်မြို့နယ် ကျုံဒိုးချောင်းဖျား ကျေးရွာအုပ်စု အုန်းတပင်ကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာ ၂၀ ရက်မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း  သိရ
ဂန့်ဂေါမြို့နယ်တွင်   ကျေးလက်ကုန်ထုတ်လမ်း ၂ လမ်းဖောက်လုပ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ရဲလှကျေးရွာ နှင့် စိုင်ဒူကျေးရွာတို့တွင် ရန်ပုံငွေကျပ် ၉၅ ဒသမ ဝ၄ သန်း အသုံးပြု၍ ကျေးလက်ကုန်ထုတ်လမ်း ၂ လမ်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရ
တွင်းမ-သစ်ပလွေကုန်း ကျေးရွာတွင် လယ်ယာထွက်ကုန်သီးနှံများ ဈေးကွက်အတွင်းသို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ရေး ကုန်ထုတ်လမ်းဖောက်လုပ်
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ် တွင်းမ-သစ်ပလွေကုန်းကျေးရွာရှိ ကျေးလက်နေ ပြည်သူများ၏ လယ်ယာထွက်ကုန် သီးနှံများအား ဈေးကွက်အတွင်းသို့ ရာသီမရွေးလွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်စေရေးအတွက် ကုန်ထုတ်လမ်းဖောက်လုပ်ပေးလျက်ရှိကြောင်း သိရ
တီးတိန်မြို့နယ်၊လမ်းဇန်ကျေးရွာ၌ အမှိုက်စွန့်ပစ်စနစ်အား ကွင်းဆင်းကြပ်မတ်ဆောင်ရွက်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊လမ်းဇန်ကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အမှိုက်စွန့်ပစ် စနစ်အား ကျေးရွာအုပ်ချုပ်ရေး အဖွဲ့၊ ကျေးရွာမြစိမ်းရောင် ကော်မတီဝင်များနှင့် လူငယ်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခဲ့ရာ လုပ်ငန်းဆောင်ရွက်မှုများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ကျိန်ရှန်းနဲမ်းနှင့် တာဝန်ရှိသူတို့က ဒီဇင်ဘာ ၂၂ ရက်တွင် ကွင်းဆင်းစစ်ဆေးပြီး ကိုယ့်အားကိုယ်ကို အမှိုက် စွန့်ပစ်မှု ဆောင်ရွက်ခဲ့ကြကာ အမှိုက်ပုံးထားရှိခြင်း၊အမှိုက်ကျင်းတူးခြင်းနှင့် အမှိုက်စွန့်ပစ်ခြင်းဆိုင်ရာ ပညာပေးပိုစတာ ကပ်ထားခြင်းများဆောင်ရွက်