မြိတ်မြို့တွင် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး
လယ်ယာစိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် တောင်သူများအား အရင်းအနှီးများရရှိစေရေးအတွက် နိုင်ငံတော်အစိုးရမှ နှစ်စဉ် စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယခုနှစ်တွင် မြိတ်ခရိုင် လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ပျိုးကြမည့် တောင်သူများအား မေ ၂၁ ရက်မှ စတင်ကာ စိုက်ပျိုးစရိတ်ချေးငွေများကို စတင်ထုတ်ချေးပေးခဲ့သည်။
ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့မှ စေတနာ့ဝန်ထမ်းနည်းပြများ (TOT) ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ စေတနာ့ဝန်ထမ်းများအား စေတနာ့ဝန်ထမ်းနည်းပြများ (TOT) ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယနေ့ နံနက် ၉ နာရီတွင် တောင်ကြီးမြို့ မြို့တော်ခန်းမ ကျင်းပသည်။