ကျောက်ဆည်မြို့နယ်တွင် ကျောင်းပေါင်း (၂၀ဝ)အား ကျောင်းသုံးဗလာစာအုပ် (၁၉၈၀၂)ဒါဇင် အခမဲ့ ဖြန့်ဝေနိုင်ရေး အရည်အသွေးဖွင့်ဖောက်စစ်ဆေး
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ အနော်ရထာခန်းမတွင် အခြေခံပညာကျောင်း (၁၈၆)ကျောင်းနှင့် ဘုန်းတော်ကြီး ပညာသင်ကျောင်း (၁၆)ကျောင်း စုစုပေါင်း ကျောင်း(၂၀ဝ)တို့အား ကျောင်းသုံးဗလာစာအုပ်(၁၉၈၀၂) ဒါဇင် အခမဲ့ ဖြန့်ဝေနိုင်ရေးအတွက် မေလ ၂၃ ရက်နံနက် ၁၀ နာရီက အရည်အသွေးဖွင့်ဖောက် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ
ကန်ကြီးထောင့်မြို့တွင် သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
ပြည်သူများ မိုးဦးကာလတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါမှ ကင်းဝေးစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မေ ၂၂ ရက်၊ မွန်းလွဲပိုင်းက  အမှတ် ၁ ရပ်ကွက်၌ သွေးလွန်တုပ်ကွေး‌ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်း သိရ
ရေကြည်မြို့နယ်အတွင်း ဇီးကုန်းကျေးရွာရှိ လေဘေးသင့်ပြည်သူများကို လက်ဝယ်အရောက် ထောက်ပံ့ပစ္စည်းများပေးအပ်

အမ်းမြို့နယ်၌  စောင့်ကြည့်လူနာများထားရှိသော အထက(၁)ကျောင်းအား သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် ရွှေအမ်းတောင်ခန်းမသို့ CBFQ ထားရှိရန် ပူးပေါင်းဆောင်ရွက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် စာသင်ကျောင်းများ၌ Community Base Facility Quarantine Center များဖွင့်လှစ်ထားရှိခဲ့ရာ ယနေ့နံနက် ၈ နာရီက အဆိုပါ CBFQ ထားရှိခဲ့သော အထက(၁)ကျောင်းအား သန့်ရှင်းရေးပြုလုပ်၍ သက်ဆိုင်ရာပညာရေးဌာနသို့ ပြန်လည် အပ်နှံရေးနှင့် CBFQ သီးခြားထားရှိရန် ရွှေအမ်းတောင်ခန်းမ သို့ပြောင်းရွှေ့နိုင်ရေး ဌာနဆိုင်ရာများ၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့နှင့် ရပ်မိရပ်ဖ၊ ဒေသခံပြည်သူများမှ ဝိုင်းဝန်း၍ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ
မန္တလေးတိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံကို မန္တလေးတိုင်းဒေသကြီး မိးသတ်ဦးစီးဌာနမှ ပိုးသတ်ဆေးဖျန်း
မန္တလေးတိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံကို မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် လူထုအခြေပြု ဖျားနာကုဆေးခန်း စမ်းသပ်ကုသနေမှုအား ကြည့်ရှု
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဆရာဝန်များအသင်း(မကွေး)၊ ရွှေပါရမီ ပညာရေး ဖောင်ဒေးရှင်းအသင်းနှင့် ကရုဏာရှင်များ နာရေးကူညီမှုမှုအသင်းတို့ ပူးပေါင်း ဆောင်ရွက်သည့် Commumnity Fever Clinic လူထုအခြေပြု ဖျားနာကုဆေးခန်း ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရ