ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့် အခမဲ့နယ်လှည့်ဆေးကုရေးအဖွဲ့ စစ်တွေမြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ အခမဲ့ဆေးကုသ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  အမျိုးသားကျန်းမာရေးကွန်ရက်(အခမဲ့)  နယ်လှည့်ဆေးကုရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် စစ်တွေမြို့သို့ ရောက်ရှိကြပြီး စစ်တွေမြို့ အထွေထွေ ရောဂါကုဆေးရုံကြီး (ခုတင် - ၅၀ဝ) ၌ မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ အခမဲ့ ဆေးကုသမှုများ ဆောင်ရွက်ပေးကြသည်။ 
ကမ္ဘာ့အဆင့်စက်ရုပ်ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်
ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၌ အောက်တိုဘာတွင် ကျင်းပမည့် ကမ္ဘာ့အဆင့် စက်ရုပ်ပြိုင်ပွဲဖြစ်သည့် First Global Robotics Challenge ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူအားကစားရုံ၌ ကျင်းပသည့် ပထမဆုံးအကြိမ် စက်ရုပ်ပြိုင်ပွဲကြီးမှ သိရသည်။ 
ကရင်ပြည်နယ် အစိုးရအဖွဲ့ အစီအစဉ်ဖြင့် မိုးစပါးရေတော်မိုးတော် စိုက်ပျိုးသည့်  အကျိုးဆောင်တောင်သူများအား ကိုရီးယားကွန်ပေါင်း ဓါတ်မြေသြဇာများ ထောက်ပံ့ပေးအပ်

ကော့ကရိတ် ၁ ဇွန်

ငါ့သရောက်မြို့မှ ပုန်းရည်ကြီးချက်လုပ်သည့် ပဲပိစပ်ဈေးနှုန်း နှစ်ဆခန့်မြင့်တက်သော်လည်း လုပ်ငန်းများ လည်ပတ်လုပ်ကိုင်လျက်ရှိ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့သည် ပုန်းရည်ကျိုချက်လုပ်ငန်းအား အဓိကလုပ်ကိုင်ကြပြီး ပုန်းရည်ချိုချက်ရာတွင် အသုံးပြုသည့် ပဲပိစပ်ဈေးနှုန်း မနှစ်ကထက် ထက်ဝက်ခန့်မြင့်တက်လာကြောင်း သိရသည်။
နမ္မချီကျောက်မျက်ဒေသ မိုးရာသီလုပ်ငန်းရပ်နားချိန် အလုပ်သမားများနေရပ်သို့ပြန်
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ္မချီကျောက်မျက်ဒေသတွင် ရာသီချိန်လုပ်ငန်းများ ခေတ္တရပ်နားသဖြင့် အလုပ်သမားများနေရပ်သို့ အသီးသီး ပြန်လည်ထွက်ခွာလျက်ရှိကြောင်း သိရသည်။
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း၊ ဆိုလာအသေးစား ဓာတ်အားစနစ် မီးလင်းရေးလုပ်ငန်း ဖွင့်ပွဲကျင်းပ
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း၊ ဆိုလာအသေးစား ဓာတ်အားစနစ် မီးလင်းရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် အရှေ့ကုန်း ကျေးရွာအုပ်စု၊ စည်ပင်ကျေးရွာ၌ ကျင်းပသည်။
ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနမှ အထည်ချုပ်စက်ရုံဝန်ထမ်းများအား လက်တွေ့မီးငြိမ်းသတ် နည်းစနစ်များပြသ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးလောင်မှုမဖြစ်ပွားစေရေး၊ ပြည်သူလူထုမီးဘေးလုံခြုံရေးနှင့် အသိပညာပြန်ပွားရေးတို့ကို ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်းကာဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ နံနက်ပိုင်းက တူးချောင်းကျေးရွာအုပ်စု၊ မြစိမ်းရောင်စက်မှုဇုန်၊ မင်းသားလေးအထည်ချုပ်စက်ရုံရှိ ဝန်ထမ်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြိမ်းသတ် နည်းစနစ်များပြသပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။