အမေရိကန် လွှတ်တော်စီးနင်းမှုဖြစ်စဉ်အပြီး   အစိုးရအဖွဲ့ဝင်များ  ရာထူးမှ နုတ်ထွက်

အမေရိကန်ပညာရေးဝန်ကြီး ဒီဗော့စ်သည် ယနေ့တွင် လက်ရှိရာထူးတာဝန်မှ နုတ်ထွက်ခဲ့သဖြင့်  ထရမ့်၏ ထောက်ခံသူများ လုပ်ဆောင်ခဲ့သည့် လွှတ်တော်စီးနင်းမှုဖြစ်စဉ်အပြီး ထရမ့် အစိုးရ အဖွဲ့ဝင်များအနက်  ရာထူးမှ နုတ်ထွက်ခဲ့သည့် ဒုတိယမြောက်ဝန်ကြီး ဖြစ်လာခဲ့သည်။
ပင်လယ်ကွေ့ကမ်းရိုးတန်း၌ အီရန်၏ မြေအောက်ဒုံးကျည်စခန်းသစ်ဖွင့်လှစ်
အီရန်တော်လှန်ရေး အစောင့်တပ်၏ တပ်မှူးဗိုလ်ချုပ်ဟိုစိန်ဆာလာမီသည် ပင်လယ်ကွေ့နှင့် ဟော်မုဇ်ရေလက် ကြား၏ မြောက်ဘက်ဟောမုဇ်ဂန်ပြည်နယ်ရှိ ဒုံးကျည်စခန်းသစ်တစ်ခုကို ယနေ့ဖွင့်လှစ်လိုက်ကြောင်း အီရန် နိုင်ငံပိုင်ရုပ်သံလွှင့်ဌာနက ကြေညာသည်။
ဟန်ဂေရီနိုင်ငံမှာ အသွားအလာကန့်သတ်မှုကို ဖေဖော်ဝါရီ ၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ် 
ဟန်ဂေရီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှု ထိန်းချုပ်ရန် အသွားအလာကန့်သတ်မှု တချို့ အား ဖေဖော်ဝါရီ ၁ရက်အထိ တိုးမြှင့်လိုက်ကြောင်း ဝန်ကြီးချုပ်က သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။
ထရမ့် ထောက်ခံသူတွေရဲ့ ကွန်ဂရက် အဆောက်အအုံ ဝင်ရောက် စီးနင်းမှု အတွင်းမှာ တာဝန်ရှိ ရဲသားတစ်ဦး သေဆုံး
အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ ကွန်ဂရက် အဆောက်အအုံအား သမ္မတဒေါ်နယ် ထရမ့် ထောက်ခံသူတွေက ဇန်နဝါရီ ၆ ရက်နေ့က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။
အိန္ဒိယတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀၄၁၃၄၁၇ ဦးအထိမြင့်တက်
အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါထပ်မံ ကူးစက်ခံရသူ ၁၈၁၃၉ ဦး ရှိပြီး ကူးစက်ခံရသူ စုစုပေါင်း ၁၀၄၁၃၄၁၇ ဦး အထိ မြင့်တက်လာသည်ဟု ကျန်းမာရေး ဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်ချက်အရ သိရသည်။
ဗီဇပြောင်း ဗိုင်းရပ်စ် ကူးစက်မှု တွေ့ရှိရသဖြင့် ဩစတြေးလျနိုင်ငံ တတိယ အကြီးဆုံးမြို့တွင် အသွားအလာ ကန့်သတ်မှု သုံးရက်ကြာပြုလုပ်
ဩစတြေးလျနိုင်ငံ၏ တတိယ အကြီးဆုံးမြို့ဖြစ်သော  ဘရစ္စဘိန်းမြို့တွင် ဒေသခံတစ်ဦးတွင် ကိုဗစ်-၁၉ ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်မှု တွေ့ရှိခဲ့သဖြင့် ဇန်နဝါရီ ၈ ရက် မွန်းလွဲပိုင်းမှစတင်ကာ သုံးရက်ကြာ အသွားအလာ ကန့်သတ်မှုပြုလုပ်မည် ဖြစ်သည်။
ထရမ့်ထောက်ခံသူတွေရဲ့ ကွန်ဂရက် အဆောက်အအုံ စီးနင်းမှု နောက်ဆက်တွဲ အကျိုးဆက်အဖြစ် ဝန်ကြီးနှစ်ဦး နုတ်ထွက်
အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ ကွန်ဂရက် အဆောက်အအုံကို သမ္မတ ဒေါ်နယ်ထရမ့် ထောက်ခံကြသူတွေက ဝင်ရောက် စီးနင်းမှုတွေ လုပ်ခဲ့တဲ့အတွက် အစိုးရအဖွဲ့မှ ဝန်ကြီးနှစ်ဦး ကြာသပတေးနေ့မှာ နုတ်ထွက်ခဲ့ပါတယ်။