မြေထဲပင်လယ်၌ ရေတပ်နှင့် လေတပ်ဆိုင်ရာ နိုင်ငံစုံပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်
မြေထဲပင်လယ်ရှိ အီဂျစ်ပိုင်ရေပြင်၌ ရေတပ်နှင့် လေတပ်ဆိုင်ရာ နိုင်ငံစုံပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ် စတင်ပြုလုပ်နေပြီဖြစ်ကြောင်း အီဂျစ်တပ်မတော်က ဒီဇင်ဘာ ၁ ရက်တွင် ဖော်ပြထားသည်။