ခရိုအေးရှားဝန်ကြီးချုပ် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရ 
ခရိုအေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဒရေး ပလန်ကိုဗစ်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိကြောင်း တနင်္လာနေ့က ထုတ်ပြန်ကြေညာပါတယ်။
အီရတ်မြောက်ပိုင်း စစ်ဆင်ရေးတစ်ခုတွင် အိုင်အက်စ်စစ်သွေးကြွ ခြောက်ဦး သေဆုံး
အီရတ်နိုင်ငံမြောက်ပိုင်း နီနိဗေးပြည်နယ်၏ တောင်ဘက်ရှိ အစွန်းရောက်အစ္စလာမ္မစ်အဖွဲ့ (အိုင်အက်စ်)စစ်သွေးကြွများကို အီရတ်အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ (စီတီအက်စ်)၏ ကွန်မန်ဒိုတပ်ဖွဲ့က စစ်ဆင်ရေးတစ်ခုလုပ်ဆောင်ခဲ့ရာ အိုင်အက်စ်စစ်သွေးကြွ ခြောက်ဦးသေဆုံးခဲ့ကြောင်း စီတီအက်စ်က ယမန်နေ့က ပြောကြားသည်။
အမေရိကန်နိုင်ငံနှင့်ပူးပေါင်း၍ အသံထက်မြန်သော ဒုံးကျည်များ သြစတြေးလျနိုင်ငံ ထုတ်လုပ်မည်
တရုတ်နှင့် ရုရှားနိုင်ငံတို့ကို တန်ပြန်နိုင်ရန် သြစတြေးလျနိုင်ငံက အမေရိကန်နိုင်ငံနှင့်ပူးပေါင်း၍ အသံ ထက်မြန်သော ခရုဇ်ဒုံးကျည်များ ပူးတွဲထုတ်လုပ်မည်ဟု ကာကွယ်ရေးဝန်ကြီး လင်ဒါရေးနိုးစ်က ယနေ့ ပြောကြားလိုက်သည်။
ဗိုင်းရပ်စ်ပိုးထိန်းချုပ်ရေးစည်းမျဉ်းအရ ဝေလနယ်မှ ဘားများကို အရက်သေစာ ရောင်းချခွင့်ပိတ်ပင်
ဝေလမှာ  ဗိုင်းရပ်စ်ပိုးထိန်းချုပ်ရေးစည်းမျဉ်းအရ ဧည့်ဝတ်ပြုတဲ့နေရာတွေမှာ အရက်သေစာ ရောင်းချခွင့်ပိတ်ပင်ကြောင်းနဲ့ ဆိုင်တွေကို စောစောပိတ်ရေးကို လာမယ့်သောကြာနေ့ကစပြီး ညွှန်ကြားသွားမယ်လို့ ဝေးလ်စ်အစိုးရက တနင်္လာနေ့က ကြေညာလိုက်ပါတယ်။
ဗြိတိန်မှ ခွဲထွက်ရေးအတွက် ၂၀၂၁ ခုနှစ်မှာ ဆန္ဒခံယူပွဲကျင်းပနိုင်ရေး လုပ်ဆောင်မယ်လို့ စကော့တလန် ဝန်ကြီးချုပ်ပြောကြား
ဗြိတိန်မှ စကော့တလန် ခွဲထွက်ရေးအတွက် ၂၀၂၁ ခုနှစ်မှာ ဒုတိယအကြိမ် ဆန္ဒခံယူပွဲလုပ်ဆောင်ရေး နည်းလမ်းရှာသွားမယ်လို့ စကော့တလန်ဝန်ကြီးချုပ် နီကိုလာစတပ်ဂျန် တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။  အဲဒီလို ဆန္ဒခံယူပွဲလုပ်ဖို့ ဆိုတာ မေလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ သူမရဲ့ စကော့တစ်ရှ်အမျိုးသားပါတီ  (SNP) အနိုင်ရဖို့ လိုအပ်တာကို တွေ့ရပါတယ်။