ရေဘေးအန္တရာယ်မကြာခဏ ကြုံတွေ့နေရခြင်းကြောင့် ကာကွယ်နိုင်ရန်ကြိုတင်လေ့ကျင့်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် သင်တန်းပေးအပ်ခြင်းနှင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခြင်းကို ဆင်းသီရိရပ်ကွက် ဒန္တိသုခတန်ဆောင်းအတွင်း ယနေ့စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ယာယီကမ်းပြို ကာကွယ်ရေး လုပ်ဆောင်လိုသည့် ကျေးရွာများကို ကူညီပေးသွားမည်
မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ယာယီကမ်းပြိုကာကွယ်ရေး လုပ်ဆောင်လိုသည့် ကျေးရွာများကို စက်ပစ္စည်းနှင့် နည်းပညာများ ကူညီပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မုန်းချောင်းအနီးကျေးရွာများ ကမ်းပါးပြိုကျမှုသက်သာစေရန် ယူကလစ်နှင့် ဗာတီဗာမြက်မျိုးများ စိုက်ပျိုးထားရှိ
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ မုန်းချောင်းအနီးကျေးရွာများအား ကမ်းပါးပြိုကျမှုအန္တရာယ် လျော့နည်းသက်သာစေရန်အတွက် ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ မုန်းချောင်းတစ်လျှောက် ကမ်းပြိုကာကွယ်ရေး ယူကလစ်ပင်နှင့် ဗာတီဗာမြက်မျိုးများ စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မော် ထံမှ သိရသည်။ 
လှိုင်းဘွဲ-ရှမ်းရွာသစ် ကားလမ်းပေါ်ရှိ မိုးပျံတံတားချဉ်းကပ်လမ်း ပြင်ဆင်ဆောင်ရွက်လျက်ရှိ
ကရင်ပြည်နယ်၊  ရှမ်းရွာသစ်မြို့ရှိ လှိုင်းဘွဲ-ရှမ်းရွာသစ် ကားလမ်းပေါ်ရှိ မိုးပျံတံတား ချဉ်းကပ်လမ်းသည် ဩဂုတ် ၅ ရက်က တောင်ကျရေတိုက်စားမှုကြောင့် ပြိုကျမှုဖြစ်ပေါ်ခဲ့ရာ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မွန်းလွဲပိုင်းရန်ကုန်စတော့ အိတ်ချိန်းရှယ်ယာ ဈေးနှုန်းများ
ဒလမြို့နယ် မိုးပျံအဆင့်မြင့်လက်ဘက်ရည်နှင့် စားဖွယ်ဆိုင်တွင် search box ထားရှိပေး
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဒလ-တွံတေး ကားလမ်းမကြီးဘေး ဘုရင့်နောင်ရပ်ကွက်တွင်၂၄ နာရီ ဖွင့်လှစ်ရောင်းချသည့် မိုးပျံအဆင့်မြင့် လက်ဘက်ရည်နှင့် စားဖွယ်စုံဆိုင်တွင် လာရောက်စားသုံးသူများ မေ့ကျန်ခဲ့သည့်ပစ္စည်းများအား ပြန်လည်လာရောက် ယူဆောင်နိုင်ရန် ရည်ရွယ်ကာ မေ့ကျန်ပစ္စည်းထိန်းသိမ်း ထားရှိသည့် နေရာ(search box) ထားရှိပေးထားကြောင်း သိရသည်။
မိုးရေဝင်သဖြင့် ရှော့ဖြစ်ပြီး မီတာ(၅)လုံး မီးလောင်မှု ဖြစ်ပွား
ရန်ကုန်အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ် ဆရာစံရပ်ကွက် ဥယျာဉ်လမ်း အမှတ် ၇၅ ရှိ ဦးစိုးဝင်း၏ ခြံဝင်းတွင် တပ်ဆင်ထားသော အိမ်သုံးမီတာ ၄ လုံး နှင့် ပါဝါမီတာ ၁ လုံး စုစုပေါင်း မီတာ ၅ လုံးသည် ယမန်နေ့ ညနေ ၆ နာရီအချိန်ခန့်က မီတာများထားရာ အုတ်နံရံအောက်အတွင်းသို့ မိုးရေဝင်သဖြင့် ပါဝါမီတာရှော့ ဖြစ်ပြီး မီးလောင်ရာမှ အိမ်သုံးမီတာ ၄ လုံး၏ ကာဗာများ အရည်ပျော်၍ ပျက်စီးမှုဖြစ်ပေါ်ခဲ့သည်။