နောင်လတ်(နောက်)ကျေးရွာ၌ ဘက်စုံသုံးကျေးရွာခန်းမဆောင်ဖွင့်ပွဲကျင်းပ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် ပါလောပါကယ်ကျေးရွာအုပ်စု၊ နောင်လတ်(နောက်)ကျေးရွာရှိ ဒေသခံပြည်သူများ၏ လူမူရေး၊ ပညာရေး၊ စီးပွားရေးလုပ်ငန်းများတွင် အကျိုးပြုဆောင်ရွက်သွားနိုင်ရန်အတွက် စီမံကိန်းထောက်ပံ့ငွေဖြင့် ဆောင်ရွက်သော ဘက်စုံသုံးကျေးရွာခန်းမဆောင်ဖွင့်ပွဲကို သြဂုတ် ၇ နံနက် ၉ နာရီက ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ နောင်လတ်(နောက်)ကျေးရွာခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။








