ကင်းတပ်ဆည် လက်ဝဲတူးမြောင်းအတွင်း လူတစ်ဦး ရေဆင်းချိုးရာမှ ရေနစ်သေဆုံးမှုဖြစ်ပွား
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် သြဂုတ် ၇ ရက် မွန်းလွဲ ၁၂ နာရီခွဲက ကန့်ဘလူမြို့နယ် မီးသတ်စခန်း၏ တောင်ဘက် ၉ မိုင်ကျော်အကွာ ထန်းကုန်းကျေးရွာ၏ အနောက်ဘက် ကင်းတပ်ဆည် လက်ဝဲတူးမြောင်းအတွင်း လူတစ်ဦး ရေဆင်းချိုးရာမှ ရေနစ်သေဆုံးခဲ့ကြောင်း ကန့်ဘလူခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဌေးဝင်းထံမှ သိရသည်။







