ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-မန္တလေးလမ်းပိုင်း)၊ မိတ္ထီလာ-ကျောက်ပန်းတောင်း-ညောင်ဦး BOT လမ်း ပြင်ဆင်ထိန်းသိမ်း ဆောင်ရွက်နေမှု ဒုတိယဝန်ကြီး ကြည့်ရှုစစ်ဆေး
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် မေ ၃၁ ရက် နံနက်ပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်- မန္တလေးလမ်းပိုင်း)ရှိ လမ်းလယ်ကျွန်းနှင့် လမ်းဘေးဝဲ/ယာ သန့်ရှင်းသပ်ရပ် သာယာလှပရေး ဆောင်ရွက်နေမှုနှင့် သီးကုန်းတိုးလ်ဂိတ် လမ်းအသုံးပြုခကောက်ခံနေမှု၊ တိုးလ်ဂိတ်၌ ကတ္တားအသစ် ပြန်လည်တပ်ဆင်ခြင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် BOT စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော မိတ္ထီလာ-ကျောက်ပန်းတောင်း-ညောင်ဦး လမ်းပိုင်း မိုင်တိုင်အမှတ်(၂၅/၁) နှင့် (၂၅/၂)အကြား လမ်းဘေးဝဲ/ယာ လမ်းပခုံး ဆောင်ရွက်နေမှုများနှင့် လမ်းတစ်လျှောက် လမ်းပြင်ဆင် ထိန်းသိမ်းနေမှုများကို ကြည့်ရှုစစ်ဆေးရာ မန္တလေးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ)နှင့် BOT ကုမ္ပဏီ မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြသည်။







