မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၂/၂၀၂၄)

နေ့စဉ်မြစ်ရေခန့်မှန်းချက်များ

နောင်တရားဒေသထွက် အာလူးများ ဈေးအတက်ဘက်သို့ ဦးတည်လာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အနီးပတ်ဝန်ကျင်ကျေးရွာများ၌ ရေသွင်းအာလူးစိုက်ပျိုးထားသည့် တောင်သူများ မေလအတွင်း တူးဖော်ချိန်တွင် အာလူးဈေးအတက်ဘက်သို့ ဦးတည်လာကြောင်း အာလူးစိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
၂၀၂၄ ခုနှစ် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို မေ ၂၃ ရက် ညနေပိုင်းက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
သရက်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၄ ရက် နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စိန်းရတုခန်းမ၌ ကျင်းပသည်။
လှိုင်းဘွဲမြို့နယ်၌ ကျောင်းအပ်လက်ခံခြင်းများ ဆက်လက်ဆောင်ရွက်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ဒုတိယနေ့တွင်လည်း ကျောင်းသား ကျောင်းသူများ အခြေခံပညာ သင်ကြားနိုင်ရေးအတွက် မိဘဘိုးဘွားများက ကျောင်းသို့ လာရောက် အပ်နှံလျက်ရှိပြီး အခြေခံပညာကျောင်းများတွင် နိုင်ငံတော်မှ ကျောင်းသား ကျောင်းသူများအတွက် အခမဲ့ကျောင်းအပ်လက်ခံပေးခြင်းအပြင် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ၊ ခဲတံနှင့် ဘောပင်တို့ကို အခမဲ့ထောက်ပံ့ပေးအပ်သည်။