လက်ပံတန်းမြို့နယ်၌ သစ်စိမ်းမြေဩဇာ မျိုးစေ့ကြဲပက်ခြင်း သရုပ်ပြ
တောင်သူများအား လယ်ယာစိုက်ပျိုးရာတွင် မြေဆီလွှာဖွံ့ဖြိုးမှု ပြန်လည်တိုးတက်ကောင်းမွန်လာစေရန်နှင့် သီးနှံအထွက်နှုန်း တိုးတက်လာစေရန်၊ ဓာတ်မြေဩဇာများသုံးစွဲခြင်းကို လျှော့ချပြီး တစ်ဧကထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချနိုင်ရန်၊ သစ်စိမ်းမြေဩဇာ ထည့်သွင်းခြင်းကို တောင်သူများ လေ့လာသိရှိ သုံးစွဲတတ်လာစေရန် ရည်ရွယ်၍ လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဂွေးတောက်ကွင်းကျေးရွာရှိ တောင်သူများ ပူးပေါင်း၍ မေ ၂၄ ရက် နံနက်ပိုင်းက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးထည့်သွင်းခြင်းအတွက် မျိုးစေ့ကြဲပက်ခြင်း သရုပ်ပြပွဲ ဆောင်ရွက်ခဲ့သည်။






