စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲကြီးသီးနှံ ၃၆၉၅ ဧက စိုက်ပျိုးပြီးစီး
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌  ပဲကြီးသီးနှံစိုက်ဧက ၃၆၉၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေ က  ပြောပြခဲ့သည်။
အစိုးရ ရုံးပိတ်ရက်များတွင် ငွေဆောင်ကမ်းခြေ၌ ခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိ
  ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၏ အထင်ကရတစ်ခုဖြစ်သော ငွေဆောင် ကမ်းခြေ၌ ဖေဖော်ဝါရီ (၁၂) ရက်၊ ပြည်ထောင်စုနေ့ အပါအဝင် အစိုးရရုံးပိတ်ရက်(၃) ရက်၌ အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေကြသော ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ အနီးကပ်လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေးနည်းပညာများကို စဉ်ဆက်မပျက် လေ့လာသင်ယူနိုင်ပြီး အရည်အသွေးပြည့်ဝသော သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် ရည်ရွယ်၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး နှင့် သဘာဝမြေဩဇာ၊ သဘာဝ ပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်း ပညာပေးသင်တန်းကို ဖေဖော်ဝါရီ ၁၂ ရက်နံနက်ပိုင်းက  မုံရွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင်  ဖွင့်လှစ်ခဲ့သည်။ အခမ်းအနားသို့ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးများ၊ ဝန်ထမ်းများနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်
ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် (၃)ဒီဂရီစင်တီဂရိတ်၊ ပူတာအိုမြို့၊ နမ့်စန်မြို့(ရှမ်းပြည်နယ်တောင်ပိုင်း)၊ ဟဲဟိုးမြို့နှင့် မိုင်းယန်းမြို့တို့တွင် (၆)ဒီဂရီစင်တီဂရိတ်စီ၊ ကျောက်မဲမြို့နှင့် လွိုင်လင်မြို့တို့တွင် (၇)ဒီဂရီစင်တီဂရိတ်စီနှင့် တီးတိန်မြို့၊ ပြင်ဦးလွင်မြို့နှင့် မိုးကုတ်မြို့တို့တွင် (၈)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာမိုးရေချိန်မှာ ကော့သောင်းမြို့တွင် (၀.၅၅)လက်မ ဖြစ်ပါသည်။
နေ့စဉ်မြစ်ရေခန့်မှန်းချက်များ