ကွန်ဟိန်းမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မဟာကမ္ဘောဇပြည်ငြိမ်းအေးစေတီတော်၊ တောင်ဘက်မုခ် ရင်ပြင်တော်ခြေရင်း၌ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၅ နာရီခွဲက ကျင်းပပြုလုပ်ရာ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အလံကို အလံတိုင်ထိပ်သို့ လွှင့်တင်ပြီး နိုင်ငံတော်အလံအား အလေးပြုခဲ့ကြောင်း သိရသည်။







