မိတ္ထီလာ၌ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မိတ္ထီလာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းက ပေါက်ချောင်းရပ်ကွက်ရှိ မြို့နယ် အားကစားကွင်းတွင် ကျင်းပခဲ့သည်။
အကယ်ဒမီ မီးလင်းရွှေ   အဖွင့်ဈေး

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေသည်။
အရှေ့တောင်အာရှနှင့် အာရှဒေသတွင်းအဆင့်မြင့်ဆုံး အားကစားပြိုင်ပွဲနှစ်ခုကို ယခုနှစ်အတွင်း မြန်မာအားကစားအဖွဲ့ ယှဉ်ပြိုင်ရမည်
ယခုနှစ်အတွင်းကျင်းပမည့် အရှေ့တောင်အာရှနှင့် အာရှအဆင့် အဆင့်မြင့်ဆုံးအား ကစားပြိုင်ပွဲနှစ်ခု တွင် မြန်မာအားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အရှေ့တောင်အာရှဒေသတွင်း အမြင့်ဆုံးအားကစားပြိုင်ပွဲဖြစ်သည့် ဆီးဂိမ်းပြိုင်ပွဲကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယခုနှစ်သို့ ပြောင်းလဲကျင်းပရမည်ဖြစ်သောကြောင့် ၂၀၂၂ ခုနှစ်တွင် ဆီးဂိမ်းပြိုင်ပွဲနှင့် အာရှအားကစားပြိုင်ပွဲတို့ကို မြန်မာအားကစားအဖွဲ့အနေဖြင့် ပထမဆုံးအကြိမ် တစ်နှစ်အတွင်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး လှေလှော်ပြိုင်ပွဲ ဆုပေးပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး လှေလှော်ပြိုင်ပွဲ ဆုပေးပွဲကို ဖေဖော်ဝါရီ  ၁ ရက် နံနက်ပိုင်းတွင် လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် (အင်းယားကန်)၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အလွတ်တန်းဖိတ်ခေါ် စက်ဘီးစီးပြိုင်ပွဲပြုလုပ်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အလွတ်တန်းဖိတ်ခေါ် စက်ဘီးစီးပြိုင်ပွဲကို ဖေဖော်ဝါရီ  ၁ ရက် မွန်းလွဲပိုင်းတွင် အောင်မြေသာစံမြို့နယ် ၂၆ လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြား မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးရှေ့၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ မန္တလေးမြို့တော်ဝန်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
မြစ်ရေအခြေအနေ