တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တစ်ပတ်အတွင်း တရားမဝင်ကျွန်းသစ် ၂၉၈ ဒသမ ၅၈၅၆ တန်နှင့် သစ်ခိုးထုတ်သူ ၄၂ ဦး ဖမ်းဆီးရမိ

တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၇ ရက် (တစ်ပတ်)အတွင်း ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်ဖြင့်
မိုးမိတ်မြို့နယ်၌ တရားမဝင်ကျွန်းသစ်လုံးများ ဖမ်းဆီးရမိ

နေပြည်တော် ၂၀ ဖေဖော်ဝါရီ

 

ဖယ်ခုံမြို့နှင့် မိုးမိတ်မြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ တွေ့ရှိဖျက်ဆီး
ဖယ်ခုံမြို့နယ်၊ ကာလကျေးရွာ အနောက်တောင်ဘက် ၃ ဖာလုံခန့် အကွာ၌ အမြင့် ၂ ပေခန့်ရှိ ဘိန်းစိုက်ခင်း (၂၀)ဧကခန့်အား ဖယ်ခုံမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆွေ ဦးစီးပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီ ၁၉ ရက်တွင် ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရှိရသည်။
မိုင်းဖြတ်၌ ခြောက်ဘီးယာဉ်တစ်စီး အရှိန်လွန်၍ လမ်းဘေးချောက်ထဲ ထိုးကျ ယာဉ်မောင်း သေဆုံး
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ယနေ့ နံနက် ၉ နာရီခွဲခန့်က ကျိုးင်တုံ - မိုင်းဖြတ်သွား ပြည်ထောင်စု ကားလမ်မပေါ်၊ ဆိုင်းလေကျေးရွာနှင့် ဆွပ်ပလောင်းကျေးရွာကြား မိုင်တိုင်အမှတ် (၆၉၆/၆၉၇) ကီလိုမီတာ ကြားတွင် ခြောက်ဘီးယာဉ်တစ်စီး  အရှိန်လွန်ပြီး လမ်းဘေးချောက်ထဲ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ယာဉ်မောင်းတစ်ဦး သေဆုံးသွားကြောင်း သိရသည်။
ဘုတလင်မြို့နယ်တွင် တရားမဝင်သယ်ဆောင်မည့် သစ်များ ဖမ်းဆီးရမိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ဌာနဆိုင်ရာများနှင့် ပြည်သူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၉ ရက်က ချင်းတွင်းမြစ်အတွင်းရှိ ရေယာဉ်(၅)စီးပေါ်မှ  တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ဖြူးမြို့နယ်တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်သုံးလုံး မီးလောင်မှုဖြစ်
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ဂုံမင်းကွင်းကျေးရွာတွင် ယနေ့ နံနက် ၇ နာရီ ၁၀ မိနစ်ခန့်က နေအိမ်မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ် ၃ လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ တွေ့ရှိဖျက်ဆီး
ဖယ်ခုံမြို့နယ်၊ အုံတိုင်းကျေးရွာ အနောက်ဘက် ၃ ဖာလုံခန့် အကွာ၌ အမြင့် ၂ ပေခန့်ရှိ ဘိန်းစိုက်ခင်း (၁၈)ဧကခန့်အား ဖယ်ခုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလင်းနိုင် ဦးစီးပူးပေါင်းအဖွဲ့မှ ယမန်နေ့က ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရှိရသည်။