မန်ကျည်းသီးတက်ခူးစဉ် ဓာတ်လိုက်၍ မန်ကျည်းပင်ပေါ်မှ ပြုတ်ကျသေဆုံး

ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်တွင် ယမန်နေ့မွန်းတည့် ၁၂ နာရီက ဟိုစဲ့မြို့သစ်၊ ရှမ်းပိုင်းရှိ လူမနေသည့်ခြံအတွင်း မန်ကျည်းပင်ပေါ်မှလူတစ်ဦး ပြုတ်ကျကြောင်း သတင်းအရ မယ်စဲ့မြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးသန်းအောင်နှင့် တပ်ဖွဲ့ဝင်များသည် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။
မြိတ်မြို့ ဆိပ်ငယ်ဗောတံတားအနီး ရေပြင်၌ ညအိပ်ရပ်နားထားသည့် ခရီးသည်တင် စက်လှေတစ်စီး မီးလောင်မှုဖြစ်ပွား
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက် ဆိပ်ငယ်ဗောတံတားအနီး ရေပြင်၌ ညအိပ်ကျောက်ချ ရပ်နားထားသည့် ---------
မြင်းခြံမြို့နယ်တွင် ဝါယာရှော့ဖြစ်ပြီး ဆေးရွက်သိုလှောင်ရုံမီးလောင်မှုဖြစ်ပွား
မန္တလေးတိုင်းဒေသကြီး၊မြင်းခြံမြို့နယ်၊အမှတ်(၂၀)ရပ်ကွက် ၊ နယ်မြေ(၅)ရှိ ဦးအောင်ပြည့်ဖြိုး ပိုင်ဆိုင်သောဆေးရွက်ကြီးသိုလှောင်သောဂိုထောင်တွင် ယနေ့ နံနက် ၈ နာရီခန့်က လျှပ်စစ်ဝါယာကြိုးမှ အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့သည်။
ဖယ်ခုံမြို့နယ်၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး
ဖယ်ခုံမြို့နယ်၊ လဟယ်ကျေးရွာ အရှေ့တောင်ဘက်  အမြင့် ၂ ပေ ခန့်ရှိ ဘိန်းစိုက်ခင်း ၁၂ ဧကခန့်အား ဖယ်ခုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးလင်းနိုင် ဦးစီးပူးပေါင်းအဖွဲ့မှ
ညောင်ဦးမြို့နယ် မင်းနန်သူကျေးရွာတွင် ဘုန်းတော်ကြီးကျောင်းဆောင် မီးလောင်မှုဖြစ်ပွား
မန္တလေးတိုင်းဒေသကြီး / ညောင်ဦးမြို့နယ် ပုဂံမြို့သစ်  မင်းနန်သူကျေးရွာရှိ လေးမျက်နှာဘုန်းတော်ကြီးကျောင်းတွင် ယနေ့ မွန်းတည့် ၁၂ နာရီခွဲက
ဘူးသီးတောင် ၊ မိုင်းရယ်၊ တာချီလိတ်၊ နမ့်ခမ်း မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ 
ဘူးသီးတောင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းက ဘူးသီးတောင်မြို့၊ မြို့မရပ်ကွက်နေ မိုဟာမတ်ရှိုးဝိုက်၏
သထုံ၌ တံတားတိုးချဲ့ပြုပြင်နေသည့် နေရာတွင် ကားများ မဆင်မခြင်မောင်းနှင်ရာမှ ယာဉ်များ ဆင့်ကဲတိုက်မူဖြစ်ပွား
မွန်ပြည်နယ် သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာအုပ်စု သာယာကုန်းကျေးရွာ အရှေ့ပိုင်း လမ်းတံတားပြုပြင်နေသည့် အနီးတွင် မဆင်မခြင်မောင်းနှင်မူကြောင့် ဖေဖေါ်ဝါရီ ၁၇ ရက် နံနက် ၁၀ နာရီခွဲက ကားခြောက်စီး ဆင့်ကဲတိုက်မိပြီး (၁၁)ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။