အီတလီဝါရင့်နောက်တန်းကစားသမား ချီယယ်လီနီ နိုင်ငံ့လက်ရွေးစင်ကစားသမားဘဝမှ အနားယူ တော့မည်

အီတလီနိုင်ငံအသင်းရဲ့ ဝါရင့်နောက်တန်းကစားသမားတစ်ဦးဖြစ်တဲ့ ချီယယ်လီနီဟာ ဇွန်လအတွင်းမှာ ဝင်ဘလေကွင်းအတွင်း ယှဉ်ပြိုင်ကစားမယ့် အီတလီအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ ပွဲစဉ်ကစားပြီး ပါက နိုင်ငံ့လက်ရွေးစင်ကစားသမားဘဝကနေ အနားယူတော့မှာဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းဖိတ်ခေါ် အမျိုးသမီးဖူဆယ်ပြိုင်ပွဲတွင် မြန်မာအသင်း အဆင့် ၅ နေရာသာရရှိ
NSDF ထိုင်းဖိတ်ခေါ် အမျိုးသမီးဖူဆယ်ပြိုင်ပွဲ နောက်ဆုံးနေ့ကို ဧပြီ ၂၆ ရက်က ထိုင်းနိုင်ငံ၌ ဆက်လက်ကျင်းပရာ
အဲဗာတန်ကို အနိုင်ရခဲ့သည့် လီဗာပူး မန်စီးတီးကို ဆက်လက်ဖိအားပေး
လီဗာပူးအသင်းဟာ ဧပြီ ၂၄ ရက် ညပိုင်းက အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ် ပွဲစဉ်မှာ အဲဗာတန်အသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်အမှတ်ပေးဇယား ထိပ်ဆုံး မှာ ရပ်တည်နေတဲ့ မန်စီးတီးအသင်းကို ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။
ထိုင်းဖိတ်ခေါ် အမျိုးသမီးဖူဆယ်ပြိုင်ပွဲ နောက်ဆုံးနေ့ အဖြစ် မြန်မာနှင့် သြစတြေးလျကလပ်အသင်းတို့ ယနေ့ကစားမည်
NSDF ထိုင်းဖိတ်ခေါ် အမျိုးသမီးဖူဆယ်ပြိုင်ပွဲ နောက်ဆုံးနေ့ကို ဧပြီ ၂၆ ရက် (ယနေ့) တွင် ထိုင်းနိုင်ငံ၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းသည် ဩစတြေးလျ ကလပ်အသင်းနှင့် ယှဉ်ပြိုင်ကစားရ မည်ဖြစ်သည်။
ယူအေအီးကလပ်အသင်းကို မြန်မာအသင်း အနိုင်ရ
ဆီးဂိမ်းပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၌ လေ့ကျင့်နေသည့် မြန်မာ ယူ-၂၂ အသင်းသည် ဒုတိယမြောက် ခြေစမ်းပွဲအဖြစ် ဧပြီ ၂၃ ရက်က ယူအေအီး ပရိုလိဂ်ကလပ် Sharjah အသင်းနှင့် ယှဉ်ပြိုင်ကစားရာ နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
စတုဂတ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဆာဘယ်လင်ကာကို အနိုင်ရရှိပြီး ဆွီယာတက်ခ် ဆွတ်ခူး
ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ်သည် စတုဂတ်အိုးပင်းတင်းနစ် ပြိုင်ပွဲတွင် ဘယ်လာရုစ် တင်းနစ် မယ် ဆာဘယ်လင်ကာကို အနိုင်ရရှိပြီး လေးကြိမ်ဆက် ဖလားဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ တင်းနစ်မယ်သည် ယခု ဖလားမဆွတ်ခူးမီ ဒိုဟာဖလား၊ အင်ဒီးယန်းဝဲလ်ဖလားနှင့် မီယာမီ ဖလားတို့ကို ဆွတ်ခူးထားသည်။