ကျုံပျော်မြို့နယ်တွင် COVID-19 ကာကွယ်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မော်တော်ယာဉ်လိုင်းပိုင်ရှင်များတွေ့ဆုံ
COVID-19 ရောဂါကာကွယ်နိုင်ရေးအတွက် နိုင်ငံခြားမှပြန်လာသူများကို စောင့်ကြည့်စစ်ဆေးနိုင်ရန် မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် မော်တော်ယာဉ်လိုင်းပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို မတ် ၂၅ ရက် ညနေက မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။







