ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ မိဘပြည်သူများအတွက် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းနှင့် ဒီကိုဂျင်တို့ပူးပေါင်း၍ လက်သန့်ဆေးရည်ဘူး ၂၀ဝ၀ လှူဒါန်း
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အတွင်းရှိ ကားမှတ်တိုင်များ၊ ဈေးများ၊ လမ်းဆုံ လမ်းခွများတွင် ယနေ့နံနက် ၁၁ နာရီက မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် Decolgen တို့ပူးပေါင်း၍ လက်သန့်ဆေးရည်ဘူး ၂၀ဝ၀ အား မေတ္တာလက်ဆောင်အဖြစ် လိုက်လံပေးဝေပြီး Covid-19 ရောဂါနှင့်ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။






