ဘုတလင်မြို့တွင် COVID-19 ရောဂါ အကာအကွယ်ဝတ်စုံ(PPE) စနစ်တကျ ဝတ်ဆင်မှု သရုပ်ပြလေ့ကျင့်
စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်အတွင်း COVID-19 ရောဂါ ကူးစက်ခံရသူများ တွေ့ရှိလာခဲ့ပါက ကိုင်တွယ်ကုသရာတွင် ရောဂါကူးစက်မှု မရှိစေရေးအတွက် မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် မြတ်သဒ္ဓါလူမှုကူညီရေးအသင်းဝင်များအား အကာအကွယ်ဝတ်စုံ (PPE) စနစ်တကျ ဝတ်ဆင်မှုကို မတ်လ ၂၅ ရက် ညနေပိုင်းက သရုပ်ပြလေ့ကျင့်ခဲ့ကြကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။








