Latest News

နောက်ဆုံးရသတင်းများ

မဘိမ်းမြို့နှင့် တောင်ငူမြို့၌ တရားမဝင်ကျွန်းသစ်များ ဖမ်းဆီးရမိ

မှုခင်း

07/03/19

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်အရ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များသည် မဘိမ်းမြို့နှင့် တောင်ငူမြို့၌ တရားမဝင် ကျွန်းသစ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ရုံးမှ သံအမတ်ကြီးတို့တွေ့ဆုံ

ပြည်တွင်း

07/03/19

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ရုံးမှ သံအမတ်ကြီး မစ္စတာခရာ့ရှ်ယန် စမစ်ချ်တို့သည် ယနေ့နံနက် ၁၀ နာရီခွဲတွင်  နေပြည်တော်ရှိ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ တွေ့ဆုံကြသည်။   

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ဥရောပသမဂ္ဂသံအမတ်ကြီး H.E. Mr. Kristian Schmidt အား လက်ခံတွေ့ဆုံ

ပြည်တွင်း

07/03/19

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး H.E. Mr. Kristian Schmidt အား

“မျိုးဆက်သစ်များ၏ ပညာရေးအတွက် အခြေခံဆရာ၊ ဆရာမတို့၏ ကျွမ်းကျင်မှုများနှင့် လေ့ကျင့်သင်ကြားမှုများဆိုင်ရာ စုံစမ်းလေ့လာမှု” ဆွေးနွေးပွဲကျင်းပ

ပြည်တွင်း

07/03/19

ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ NGO/INGO/CSO အဖွဲ့အစည်းများ၏ စုံစမ်းလေ့လာမှုဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ အဆောင်အမှတ် (I-13)အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကောက်ယူဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာ ရရှိသူများကို ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

ပြည်တွင်း

07/03/19

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာ ရပ်ကွက် ၇၊ မံစီ - မံဝိန်းကြီး ကားလမ်းဘေး ယာဘက်ခြမ်း၌ မတ် ၅ ရက်က နွားကျောင်းနေစဉ် ကြိုးဆွဲလက်ပစ်ဗုံးဟု ယူဆရသည့် လက်ပစ်ဗုံးတစ်လုံးအား တွေ့ရှိသဖြင့်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေး (၃/၂၀၁၉) ကျင်းပ

လွှတ်တော် သတင်းများ

07/03/19

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေး (၃/၂၀၁၉)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စု လွှတ်တော် D ဆောင် ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရုရှားကော်ဖီပညာရှင်များနှင့် ဟိုပုံးဒေသရှိ ကော်ဖီစိုက်တောင်သူများ တွေ့ဆုံ

ပြည်တွင်း

07/03/19

မြန်မာနိုင်ငံကော်ဖီအသင်း (MCA) နှင့် ဟိုပုံးကော်ဖီအစုအဖွဲ့ (Hopone  Cluster) တို့ ပူးပေါင်း၍ ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် Kafema Coffee Company (Russia) မှ ကော်ဖီပညာရှင်များဖြစ်သည့် Eugene Schukin နှင့် Ekaterina Koper တို့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကော်ဖီစိုက်တောင်သူများနှင့် အတွေ့အကြုံ၊ နှီးနှောဖလှယ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ဟိုပုံးမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၌ ကျင်းပပြုလုပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်က အဖွင့်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီးတို့ တွေ့ဆုံ

ပြည်တွင်း

07/03/19

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် ဗန်ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး H.E. Mr. Mohsen Mohammadi တို့သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၌ တွေ့ဆုံကြသည်။ 

လာမည့်ရက်များအတွင်း ကချင်ပြည်နယ်တွင် မိုးဆက်လက်ထစ်ချုန်းရွာမည်

မိုးလေဝသ

07/03/19

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ည ၇ နာရီတွင် နေ့စဉ်မိုးလေဝသသတင်း ထုတ်ပြန်ခဲ့ရာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်။