Latest News

နောက်ဆုံးရသတင်းများ

Line Walker – 2 ဇာတ်ကားရိုက်ကူးချိန်တွင် ခေတ္တလမ်းပိတ်/လမ်းလွှဲ ပြုလုပ်ခြင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ အဆင်ပြေအောင် ဆောင်ရွက်မည် 

ပြည်တွင်း

17/02/19

ရန်ကုန်မြို့တွင် ရိုက်ကူးမည့် Line Walker – 2 (Operation Midnight Shadow) ဇာတ်ဝင်ခန်းများနှင့် ပတ်သက်၍ ရိုက်ကူးမည့်နေ့ရက်အလိုက် လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်မည့် အစီအစဉ်များကို ပြည်သူလူထုထံ ဖေဖော်ဝါရီ ၁၅ ရက်တွင် အသိပေးထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

Line Walker - 2 ဇာတ်ဝင်ခန်းအချို့ ရွှေတိဂုံစေတီရင်ပြင်တော်နှင့် YMCA ခန်းမတို့တွင် ရိုက်ကူး

အနုပညာရပ်ဝန်း

17/02/19

လူကုန်ကူးမှု တိုက်ဖျက်ရေးနှိမ်နင်းမှု ဇာတ်လမ်းဖြစ်သည့် Line Walker - 2 ရုပ်ရှင်ဇာတ်ကားကို ရန်ကုန်မြို့တွင် ရိုက်ကူးလျက်ရှိရာ ယနေ့တွင် ရွှေတိဂုံစေတီရင်ပြင်တော်နှင့် YMCA ခန်းမတို့တွင် ဇာတ်ဝင်ခန်းအချို့ကို ဆက်လက်ရိုက်ကူးခဲ့ကြသည်။

သန်လျင်မြို့ သမိုင်းဝင်ဆံတော်ရှင် ကျိုက်ခေါက်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် မြင်ကွင်းပုံရိပ်များ

ပြည်တွင်း

17/02/19

မြန်မာနိုင်ငံတစ်ဝန်း၌ ဒေသန္တရအလိုက် ဘုရားပွဲတော်များ၊ ရာသီပွဲတော်များကို ကျင်းပလျက်ရှိရာ အောက်မြန်မာပြည်၌ အစည်ကားဆုံး ဘုရားပွဲတော်တစ်ခုဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ခေါက်စေတီတော် ဗုဒ္ဓပူဇနိယပွဲကို ဖေဖော်ဝါရီ ၁၂ ရက်မှ ၂၀ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ 

ကျောက်တံခါးမြို့နယ် ရဲနွယ်ကြိုးဝိုင်းနှင့် ရဲနွယ်ဆည်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

မှုခင်း

17/02/19

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ရဲနွယ်ကြိုးဝိုင်းနှင့် ရဲနွယ်ဆည်အတွင်း ပိန်းချောင်းတစ်လျှောက်၌ ဖေဖော်ဝါရီ ၁၅ ရက်က ပဲခူးခရိုင် တရားမဝင်သစ် ဖမ်းဆီးရေးအဖွဲ့မှ နယ်မြေရှင်းလင်းရာ တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့သည်။

မြောက်ဦးမြို့တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင် အိမ်ခြေ ၁၄ လုံး မီးလောင်ဆုံးရှုံး

မှုခင်း

17/02/19

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြောက်ဦးမြို့ လော်ကမူရပ် လော်ကမူဘုရားအနီးတွင် ယနေ့ ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားကြောင်း သတင်းပေးပို့သဖြင့် မြို့နယ်မီးသတ်စခန်းမှ မီးသတ်ဦးစီးမှူး ဦးစံထွန်းဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များမှ သွားရောက်မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ်တွင် သဘာဝဘေး အသိပညာပေးဟောပြော

ပြည်တွင်း

17/02/19

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၁၄ ရက်က          ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းရွှေနှင့် အရာထမ်း၊ အမှုထမ်းများမှ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့ကြသည်။