Latest News

နောက်ဆုံးရသတင်းများ

အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲဒုတိယအဆင့်တွင် ရန်ကုန်အသင်း အဝေးကွင်း၌ ရှုံးနိမ့်

အားကစား

12/02/19

၂၀၁၉ ရာသီ အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်များကို ယနေ့ညနေပိုင်းက ကျင်းပရာ မြန်မာကလပ် ရန်ကုန်ယူနိုက်တက်အသင်းသည် ထိုင်းကလပ် ချင်းရိုင်ယူနိုက်တက်အသင်းကို အဝေး¬ကွင်း၌ သုံးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ပြီး ခြေစစ်ပွဲမအောင်ခဲ့ကြောင်း သိရသည်။ 

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ကျင်းပ

ပြည်တွင်း

12/02/19

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟိုဌာနချုပ်)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

လာမည့်နှစ်ရက်အတွင်း မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသများတွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနေမည်

မိုးလေဝသ

12/02/19

နေပြည်တော် ၁၂ ဖေဖော်ဝါရီ

 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ည ၇ နာရီ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အ‌ခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေသည်။

(၇၂)နှစ်မြောက်  ပြည်ထောင်စုနေ့အထိမ်းအမှတ် မသန်စွမ်းသူများနှင့် မိသားစုဝင်များ စာပေနှင့် အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများကျင်းပ

ပြည်တွင်း

12/02/19

(၇၂)နှစ်မြောက်  ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မသန်စွမ်းသူများနှင့် မိသားစုဝင်များ၏ စာပေနှင့် အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများကို ရန်ကုန်မြောက်ပိုင်းခရိုင် မသန်စွမ်းသူများ  အသင်းအဖွဲ့များစုပေါင်း၍ ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၁၂)ရပ်ကွက်၊ စံပယ်လမ်းရှိ ငြိမ်းအေးချမ်းသာ ဓမ္မာရုံတွင်စည်ကားစွာ ကျင်းပသည်။