Local Culture & Travel

ယဉ်ကျေးမှုနှင့်ခရီးသွား

မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာခရီးသွားဧည့်သည် ၆၈၀၀၀၀ ကျော် ဝင်ရောက်

ယဉ်ကျေးမှုနှင့် ခရီးသွား

22/01/20

၂၀၁၉ ခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံတကာခရီးသွားဧည့်သည် ၆၈၀၀၀၀ ကျော် ဝင်ရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်ထက် ၁၉၀၀၀၀ ကျော် ပိုမိုတိုးတက်ဝင်ရောက်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန စာရင်းများအရ သိရသည်။

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ စက်တပ်ရွက်လှေများဖြင့် လာရောက်လည်ပတ်လျက်ရှိ

ယဉ်ကျေးမှုနှင့် ခရီးသွား

22/01/20

ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံ၏ တောတောင်ရေမြေ သဘာဝအလှအပများ၊ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် စက်တပ်ရွက်လှေများဖြင့် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသို့ သွားလာလည်ပတ်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။ 

အီတလီနိုင်ငံသား ကမ္ဘာလှည့်စက်ဘီးစီးအဖွဲ့ ညောင်ရွှေမြို့သို့ရောက်ရှိ

ယဉ်ကျေးမှုနှင့် ခရီးသွား

22/01/20

အီတလီနိုင်ငံ Veneto ဒေသ Porto Viro ခရီးသည်လေးဦးပါ စက်ဘီးစီးအဖွဲ့သည် ယနေ့မွန်းလွဲပိုင်းက ရှမ်းပြည်နယ်၊ အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်သို့ တောင်လေးလုံး-ခေါင်တိုင်လမ်းခွဲမှ စက်ဘီးစီးနင်း ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

အီတလီနိုင်ငံသား စက်ဘီးစီးအဖွဲ့ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသသို့ နှစ်ရက်တာလေ့လာရေး ခရီးရောက်ရှိ

ယဉ်ကျေးမှုနှင့် ခရီးသွား

21/01/20

အီတလီနိုင်ငံ Veneto ဒေသမှ Porto Viro ခရီးသည် (၄)ဦးပါ ကမ္ဘာ့စက်ဘီးစီးအဖွဲ့သည် ယမန်နေ့က ပုဂံ- ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသရှိ တန်ခိုးကြီးဘုရားများဖြစ်သော ရွှေစည်းခုံ၊ အာနန္ဒာ၊ အလိုတော်ပြည့် ဘုရားများသို့ သွားရောက်လေ့လာကြပြီး ညောင်ဦးမြို့၊ သီရိမင်္ဂလာရပ်ကွက်ရှိ ကမ္ဘာ့အကြီးဆုံး သနပ်ခါးပြတိုက်သို့ သွားရောက်လေ့လာကြသည်။

မန်းရွှေစက်တော်ဘုရားကြီး ခြေတော်ရာဖွင့်ပွဲနှင့်အတူ ကိုးခန်းကြီးတန်ဆောင်းတော်ကြီးဖွင့်ပွဲနှင့် အထက်စက်တော်ရာ ထီးတော်တင်လှူပူဇော်ပွဲ ကျင်းပမည်

ယဉ်ကျေးမှုနှင့် ခရီးသွား

20/01/20

၂၀၂၀ ခုနှစ် မန်းရွှေစက်တော်ဘုရား၊ ခြေတော်ရာဖွင့်ပွဲကို တပို့တွဲလဆန်း(၅)ရက် ဇန်နဝါရီ ၂၉ ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပတော်မည်ဖြစ်ရာ ...............

ဦးခိုက်ပူဇော် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်

ယဉ်ကျေးမှုနှင့် ခရီးသွား

20/01/20

မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် သုံးလောကထွတ်ထား ရှင်တော်ဂေါတမမြတ် ဘုရားသည် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူသည့်အခါက ဥက္ကလာပတိုင်း အသီကဉ္စနမြို့သား တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့က အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသသို့ ကုန်ရောင်းကုန်ဝယ်သွားရာ ဘုရား ပွင့်တော်မူခိုက်နှင့် ကြုံတွေ့သဖြင့် ဘုရားရှင်ကိုယ်တော်မြတ်အား ဖူးမြော်ခွင့်ရရှိပြီး မုတ်ကြွတ်ကျစ်တို့ကို လှူဒါန်းကာ “ဒေဝါဇိက သရဏဂုံ” ဆောက်တည်ခဲ့ကြလေသည်။

အင်း၀ဒေသရှိ မယ်နုအုတ်ကျောင်းသို့ ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လေ့လာမှု များပြားလျက်ရှိ

ယဉ်ကျေးမှုနှင့် ခရီးသွား

19/01/20

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်း၀ရှေးဟောင်းဒေသရှိ အောင်မြေဘုံစံ (ခ) မယ်နုအုတ်ကျောင်းသို့ ရုံးပိတ်ရက်များတွင် ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လေ့လာမှု များပြားလျက်ရှိကြောင်း သိရသည်။

ပုဂံ-ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းဘေး၌ ထန်းတောင်သူများ ပြုလုပ်ထားသော ထန်းမျှော်စင်များဖြင့် ပြည်တွင်းခရီးသွားများအား ဆွဲဆောင်

ယဉ်ကျေးမှုနှင့် ခရီးသွား

18/01/20

ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်သည့် ပြည်တွင်းဘုရားဖူးခရီးသွားများအား ပုဂံ-ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းမကြီးဘေး ထန်းတောများတွင် ဆောက်လုပ်ထားသည့် ...............

အဖတ်များဆုံး သတင်း