Local Education
ပညာရေးနှင့်နည်းပညာ
တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ စိတ်ကြိုက်မြန်မာစာဘာသာရပ် ၁၀ ဦးဖြေဆို
14/03/20
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့အဖြစ် စိတ်ကြိုက်မြန်မာစာဘာသာရပ်ကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာစာစစ်ဌာနများ၌ ဖြေဆိုကြသည်။
ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်
13/03/20
ပညာရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ်နှိမ်နင်းရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညှိနှိုင်းချက်အရ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေသည့် စာစစ်ဌာနများတွင် အောက်ပါ အချက်များ လိုက်နာဆောင်ရွက်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများသို့ အကြောင်းကြားခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ COVID-19 ကြိုတင်ကာကွယ်ရေးအချက်များအား တက္ကသိုလ်ဝင်စာမေးပွဲ စတင်ကျင်းပသည့် ၁၁-၃-၂၀၂၀ ရက်နေ့ကစ၍ စာစစ်ဌာနများတွင် ဆောင်ရွက်လျက်ရှိပါသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို နိုင်ငံခြားစာစစ်ဌာနများ အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် ဖြေဆိုသူပေါင်း ၉၀၉၅၃၉ ဦးရှိ
12/03/20
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့တွင် ဖြေဆိုကြရာ နိုင်ငံခြားစာစစ်ဌာန ၁၅ ခုနှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၉၈၄ ခု၊ စာစစ်ဌာနစုစုပေါင်း ၁၉၉၉ ခုတွင်
လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်
12/03/20
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)က ကြီးမှူးဖွင့်လှစ်သည့် နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်းကို ယနေ့မွန်းလွဲ ၁ နာရီတွင် လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ ဖွင့်လှစ်သည်။
မိတ္ထီလာခရိုင်တွင် ၂၀၂၀ခုနှစ် တက္ကသိုလ်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်၌ ဖြေဆိုပျက်ကွက်သူ ၈၅၈ ဦးရှိ
12/03/20
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်တွင် ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာ ဘာသာရပ်တွင် မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာမြို့၊ မလှိုင်မြို့၊ ဝမ်းတွင်းမြို့နှင့် သာစည်မြို့စသည့် မြို့နယ် လေးမြို့နယ်တွင် ဖြေဆိုပျက်ကွက်သူ စုစုပေါင်း ၈၅၈ ဦးရှိကြောင်
တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို နိုင်ငံခြားစာစစ်ဌာနများ အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် ဖြေဆိုသူပေါင်း ၉၁၀၂၇၄ ရှိ
11/03/20
နေပြည်တော် ၁၁ မတ်
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်ကို ယနေ့တွင် စတင်ဖြေဆိုကြရာ နိုင်ငံခြားစာစစ်ဌာန ၁၅ ခုနှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၉၈၄ ခု၊ စာစစ်ဌာနစုစုပေါင်း ၁၉၉၉ ခုတွင် ဖြေဆိုသူပေါင်း ၉၁၀၂၇၄ ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အမြင်အာရုံချို့ယွင်းသည့် မျက်မမြင် ကျောင်းသား၊ ကျောင်းသူ ၁၃ ဦးဝင်ရောက်ဖြေဆို
11/03/20
ယနေ့စတင်ကျင်းပသည့် ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အမြင်အာရုံချို့ယွင်းသည့် မျက်မမြင် ကျောင်းသား၊ ကျောင်းသူ ၁၄ ဦးစာရင်းပေးသွင်းခဲ့သည့်အနက် ၁၃ ဦးဝင်ရောက်ဖြေဆိုကြောင်း အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲများ စတင်ကျင်းပ၊ မန္တလေးတိုင်းဒေသကြီးမှ ၁၂၇၅၆၀ ဦး ဝင်ရောက်ဖြေဆို
11/03/20
၂၀၁၉- ၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲများကို မတ် ၁၁ ရက်မှ စတင်ကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးမှ ဝင်ရောက်ဖြေဆိုသူ ၁၂၇၅၆၀ ဦးရှိပြီး စာစစ်ဌာနပေါင်း ၂၂၀ ဖွင့်လှစ်ပေးထားကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးစာရင်းများအရ သိရသည်။