မိတ္ထီလာ အောက်တိုဘာ ၁၄
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ သက်တန့်ရောင် စီမံကိန်းရန်ပုံငွေဖြင့် ပန်းတော်ဆက်၊ စက်ပစ်တောင်နှင့် သဲကုန်းကျေးရွာတို့ရှိ အသင်းသားတောင်သူများ၏ နို့စားနွားမွေးမြူထားရှိမှု အခြေအနေကို သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးမျိုးအောင်နှင့် အဖွဲ့က ယမန်နေ့တွင် ကွင်းဆင်းကြည့်ရှုအားပေးသည်။
ထို့နောက် အသင်းသားတောင်သူများနှင့်တွေ့ဆုံပြီး သက်တန့်ရောင်စီမံကိန်း အကောင်အထည်ဖော်ရေး SOP နှင့် အညီဆောင်ရွက်ရန်၊ ၂ဝ၂၅ -၂ဝ၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ကျပ်သန်း ၁ဝဝ ဖြင့် ကျေးရွာကိုအခြေပြု၍ ချထားပေးခြင်းဖြစ်ကြောင်းနှင့် မိမိတို့ မွေးမြူထားသည့် နွားများအား စနစ်တကျမွေးမြူဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။ အဆိုပါ ကျေးရွာမှ အသင်းသုံးသင်းရှိ အသင်းသား ၂၁ ဦးသည် ဖီရှန်နို့စားနွား မဒန်း ၂၅ ကောင် ၊ ဇီးပါနွား ၂၅ ကောင် စုစုပေါင်း နို့စားနွား အကောင် ၅ဝ မွေးမြူထားကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)


