အူလန်ဘာတာ စက်တင်ဘာ ၂၂

 

မွန်ဂိုလီးယားနိုင်ငံ  အနောက်ပိုင်းဇက်ဖ်ခန်းပြည်နယ်၌ ပုံမှန်မဟုတ်သည့်နှင်းများ ထူထပ်စွာ ကျရောက်လျက်ရှိကြောင်း     အမျိုးသားမိုးလေဝသနှင့်       ပတ်ဝန်းကျင်စောင့်ကြည့်ရေး    အေဂျင်စီက စက်တင်ဘာ ၂၂ ရက်တွင်ထုတ်ပြန်ထားသည်။

 

နိုင်ငံ၏   အနောက်ပိုင်းတွင်တည်ရှိသည့်  ဇက်ဖ်ခန်းပြည်နယ်သည် နိုင်ငံ၏အအေးဆုံး ဆောင်း ရာသီအပူချိန်ကို  ပုံမှန်ကြုံတွေ့ရသည့်ဒေသများထဲမှ    တစ်ခုဖြစ်ကြောင်းသိရသည်။

 

အူလီယာစတိုင်၊ ယာရု၊ အီဒါ၊ အယ်ဒါခန်အန်၊ Tsagaankhair- khan၊ Shiluusteiနှင့် အော့ဂွန် ဒေသတို့အပါအဝင်   အုပ်ချုပ်ရေးဒေသခွဲတို့၌ စက်တင်ဘာ ၂၁ ရက် နှင့်၂၂ ရက်တို့တွင်  နှင်းများကျ ရောက်လျက်ရှိကြောင်းသိရသည်။

 

အဆိုပါဒေသများတွင် နှင်းကျမှုပမာဏမှာ ပျမ်းမျှ ၂၅ စင်တီမီတာ မှ  ၃၀  စင်တီမီတာအထိရှိပြီး တောင်တန်းဒေသများတွင်  နှင်းများ ၆၀ စင်တီမီတာအနက်အထိ ရောက်ရှိကြောင်း၊ နှင်းကျပြီး နောက်  ယင်းဒေသများ၌   အပူချိန်မှာ အနုတ် ၂ ဒီဂရီဆဲလ်စီးယပ်အထိ ကျဆင်းမည်ဟု ခန့်မှန်းထား ကြောင်း  အေဂျင်စီက ပြောကြားသည်။

 

အာဏာပိုင်များသည်  ပြည်သူများ အထူးသဖြင့် တိရစ္ဆာန်ထိန်းကျောင်းသူများနှင့်   ယာဉ်မောင်း နှင်သူများအား    ဖြစ်ပေါ်လာနိုင် သည့်    ဘေးအန္တရာယ်များကို အထူးသတိပြုရန် သတိပေးထား သည်။

 

မွန်ဂိုလီးယားနိုင်ငံသည်အလွန်အေးသည့်   ဆောင်းရာသီရှည်လျားပြီး  နွေရာသီတိုတောင်းကာ ကြမ်းတမ်းသည့်    ရာသီဥတုရှိကြောင်း သိရသည်။   

 

ဆင်ဟွာ