ပထမအကြိမ် ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲ (၂၀၁၉)ကျင်းပပြုလုပ်
ထိုင်းနိုင်ငံ သံရုံး၏ ကူညီပံ့ပိုးမှု ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအသင်း (မြန်မာ)၏အားပေးကူညီမှုဖြင့် ထိုင်း တက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်းမှ ဦးစီးကျင်းပသည့် ပထမအကြိမ် ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲ(၂၀၁၉)ကို ယမန်နေ့ နံနက် ၉နာရီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၁×၃၂လမ်းကြား၊ မြို့ပတ်လမ်းရှိ ရွှေပြည်သာဟိုတယ်၊ သာရတနာခန်းမတွင် ကျင်းပခဲ့သည်။




