သူနာပြု/ သားဖွားဝင်ခွင့် လျှောက်လွှာ စိစစ်ရွေးချယ်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
(၂၀၁၉-၂၀၂၀) ပညာသင်နှစ်အတွက် သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်းနှင့် ဘက်စုံသားဖွားဒီပလိုမာ (၂)နှစ်သင်တန်းဝင်ခွင့် လျှောက်လွှာစိစစ်ရွေးချယ်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီးရုံး၌ ကျင်းပသည်။





