နွေရာသီသောက်သုံးရေ အခက်ကြုံနေသည့် မယ်ဇတောကျေးရွာသို့ သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း
ပူပြင်းခြောက်သွေ့သော နွေရာသီကာလတွင် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မယ်ဇတောကျေးရွာ၌ ဒေသခံပြည်သူများ သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေကြောင်း သိရသဖြင့် မြို့နယ်မီးသတ်ဦးဌာနနှင့် စေတနာရှင်ပြည်သူများ၏ လှူဒါန်းမှုဖြင့် ဧပြီ ၃၀ ရက် မွန်းလွဲ ၂ နာရီခွဲက မီးသတ်ကား ရေသယ်ယာဉ်နှစ်စီး၊ လိုက်ထရပ်ကား ခြောက်စီးတို့ဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။







