ရွေ့လျားရေသန့်စင်ယာဉ်ဖြင့် သန့်ရှင်းသော သောက်သုံးရေများ ပြည်သူများအား ဖြန့်ဝေပေး
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ဘန်းဘွေးကုန်းကျေးရွာတွင် နွေရာသီကာလအတွင်း သောက်သုံးရေ အခက်အခဲ မဖြစ်ပေါ်စေရန်နှင့် သန့်ရှင်းသော သောက်သုံးရေများ ရရှိသုံးစွဲနိုင်ရန် ရည်ရွယ်၍ မေ ၁ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင်ယာဉ်ဖြင့် ဘန်းဘွေးကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ရေကန်အတွင်းမှ ရေများကို စုပ်ယူသန့်စင်ပြီး ကျေးလက်နေပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။







