တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ Nanyuan တပ်မတော်လေဆိပ်မှ ထွက်ခွာကြရာ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် နိုင်ငံတကာ စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေးရုံး ညွွှန်ကြားရေးမှူး Major General Ci Guowei နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။