မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက ၂၀၁၉ ခုနှစ် သင်္ကြန်ကြိုဆိုပွဲ ကျင်းပ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးကကြီးမှူးကျင်းပသည့် ၂၀၁၉ ခုနှစ် သင်္ကြန်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့ ညနေ ၄ နာရီက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်ထောင်စုရိပ်သာလမ်းရှိ အဆိုပါသံရုံး ပရဝုဏ်၌ကျင်းပသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ပထမအကြိမ်မြောက် မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် ကျင်းပ
ဝန်ထမ်းများချစ်ခင်ရင်းနှီးစွာဖြင့် မြန်မာ့ရိုးရာ အတာသင်္ကြန်ကိုပါဝင်ဆင်နွှဲပြီး နှစ်သစ်ကို ပျော်ရွှင်စွာကြိုဆိုနိုင်ရန်နှင့် ဌာနတွင်းဝန်ထမ်းများ စည်းလုံးညီညွတ်မှုတိုးပွားစေရန် ရည်ရွယ်၍
မြန်မာ-သီရိလင်္ကာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကော်မရှင်၏ တတိယအကြိမ်မြောက် အစည်းအဝေးကျင်းပ
မြန်မာ-သီရိလင်္ကာ  နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကော်မရှင်၏ တတိယအကြိမ်မြောက် အစည်းအဝေးကို ယနေ့  ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပရာ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တီလက် မာရာပါနာတို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကြသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် မြောက်ဦးမြို့ရှိ အမှတ်(၃၁) လုံခြုံရေးရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင်နှင့် မိသားစုများအား တွေ့ဆုံအားပေးစကားပြောကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး

မြန်မာ-ပြင်သစ် နှစ်နိုင်ငံပူးပေါင်းပြီး ညောင်ဦးမြို့နယ်၊ ဇီးအိုကျေးရွာအနီး သံချက်ဖိုတူးဖော် သုတေသနပြုလုပ်ငန်း ဆောင်ရွက်
ပြင်သစ်နိုင်ငံမှ Dr. Thomus Oliver Pryee ဦးဆောင်သည့်အဖွဲ့နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ဦးစီးအရာရှိ ဦးဖြိုးပြည့်ကိုကိုနှင့် အဖွဲ့တို့သည်
သင်္ကြန်ကာလအကြို နေရပ်ပြန်ပြည်သူများ၊ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး ပညာပေးဆောင်ရွက်
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သင်္ကြန်ကာလအကြို နေရပ်ပြန်ပြည်သူများ၊ ခရီးသွားလာမည့်ပြည်သူများ စိတ်အေးချမ်းသာပြီး အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက်  ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီမှ အဝေးပြေးခရီးသည်တင်ယာဉ် ထွက်ခွာချိန် နံနက် ၇ နာရီမှ ၁၀ နာရီထိနှင့် ညနေ ၅နာရီမှ ၉ နာရီအထိ နေ့စဉ်စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီမှ စတင်ကာ ဘားအံအဝေးပြေး ယာဉ်ရပ်နားစခန်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ခိုင်မြဲရေး ပထမအကြိမ် စုပေါင်းသန့်ရှင်းရေး ပြုလုပ်
မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရင်နှီးမှု ပိုမိုခိုင်မြဲရေး ရည်ရွယ်ကာ တာချီလိတ်မြို့ရှိ ချစ်ကြည်ရေး တံတားအမှတ် (၁)တွင် ယနေ့ နံနက်ပိုင်းက ပထမအကြိမ်အဖြစ် နှစ်နိုင်ငံတာဝန်ရှိသူများ စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။