(၁၅)ကြိမ်မြောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးသို့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်နှင့် အဖွဲ့တက်ရောက်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်နှင့်အဖွဲ့သည် ထိုင်းနိုင်ငံ၊ ချင်းရိုင် (Chiang Rai) မြို့၌ ဧပြီ ၃ ရက် မှ ၅ ရက်အထိ ကျင်းပခဲ့သည့် (၁၅) ကြိမ်မြောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး (15th ACGM )၊ (၅)ကြိမ်မြောက် အာဆီယံယဏ္ဍာရေးဝန်ကြီးနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ ပူးတွဲအစည်းအဝေး (5th AFMGM)နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။






