တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆို
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တရုတ်နိုင်ငံဗဟို စစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာနစစ်ဦးစီးချုပ် Gen. Li Zuocheng က ယနေ့မွန်းလွဲပိုင်းတွင် ပေကျင်းမြို့ရှိ Ba Yi ခန်းမဆောင်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုသည်။
မြန်မာ ယူ-၁၈ အသင်း ကစားသမားသစ်များရွေးချယ်ကာ ဟောင်ကောင်ဖိတ်ခေါ်ပြိုင်ပွဲအတွက် ပြင်ဆင်
မြန်မာ ယူ-၁၈ အသင်းသည် ဧပြီ ၁၉ ရက်မှ ၂၂ ရက်အထိ ယှဉ်ပြိုင်ရမည့် ဟောင်ကောင်ဖိတ်ခေါ်ပြိုင်ပွဲအတွက် ကစားသမားသစ်များ ရွေးချယ်ကာ လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။
ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး ပညာပေးပြကွက်များကို မဟာဗန္ဓူလဥယျာဉ် ပန်းခြံ၌ ပြသထား၊ နိုင်ငံအဝှမ်းပညာပေးကဏ္ဍများ ဆက်လက်လုပ်ဆောင်သွားမည်
ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး ပညာပေးမှုများ အခန်းကဏ္ဍအနေဖြင့် အများပြည်သူတို့ သိရှိလိုက်နာကြစေခြင်းငှာ
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) စီးပွားရေးကျွန်းစိုက်ခင်းနှင့် ရွှေသတ္တုတူးဖော်ခြင်း လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဧပြီ ၇ ရက်တွင် မိုင်းဖြတ်မြို့နယ်၊ နမ့်လုံတောင်ကြိုးပြင် ကာကွယ်တော အကွက်အမှတ်(၂၀)အတွင်း သစ်တောဦးစီးဌာနက စိုက်ပျိုးတည်ထောင် ဆောင်ရွက်လျက်ရှိသည့် ၁/၂၀၁၇ စီးပွားရေးကျွန်းစိုက်ခင်းဧက (၅၀)၊ ၁/၂၀၁၈ စီပွားရေးကျွန်းစိုက်ခင်း ဧက (၅၀) တို့၏ ရှင်သန်အောင်မြင်မှု အခြေအနေနှင့် ၁/၂၀၁၉ စီးပွားရေးကျွန်းစိုက်ခင်းဧက (၅၀) ၏ စိုက်ခင်း အကြိုလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုတို့အား ကြည့်ရှုစစ်ဆေးသည်။
အူရီဒူးမြန်မာမှ ပညာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ် ၁ ဒသမ ၂ ဘီလီယံ ကူညီဖြည့်ဆည်းပေးခဲ့
အူရီဒူးမြန်မာက ၁ မိနစ် ဖုန်းပြောတိုင်း ၁ ကျပ် လှူဒါန်းပေးမှု အစီအစဉ် ပြီးမြောက်ခြင်း အထိမ်းအမှတ်နှင့် ပညာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကျိုးပြုလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးသည့် “ပညာကြွယ်ဝလူမှုဘဝ” အခမ်းအနားကို ယနေ့ညနေ ၆ နာရီတွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည်။
သမိုင်းဝင်ကျိုက်သလ္လံစေတီတော်မြတ်ကြီး ပြုပြင်မွမ်းမံရေးအတွက် အလှူငွေများ လှူဒါန်းနိုင်
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်း ၂၀၁၈ ခုနှစ် ဇွန် ၁၇ ရက်က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လေပြင်းထန်စွာ တိုက်ခတ်မှုများကြောင့် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ တောင်ရိုးတန်းရှိ အထင်ကရသမိုင်းဝင် စေတီတော်တစ်ဆူဖြစ်သည့် ကျိုက်သလ္လံစေတီတော်မြတ်ကြီး၏ ကုန်းတော်၊ မြေထိန်းနံရံများနှင့် သာသနိက အဆောက်အဦများ ပြိုကျပျက်စီးခဲ့ရသည်။