ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင်၊ တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်သော ‘ယင်း’ တိုင်းရင်းသားလူမျိုးများ၏ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို ဖော်ထုတ်တင်ပြခြင်း အခမ်းအနားသို့ တက်ရောက်
မြန်မာနိုင်ငံအရှေ့ပိုင်း နမ့်စန်မြို့နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိမ်မြုပ် ပျောက်ကွယ်လုနီးပါးဖြစ်သော ‘ယင်း’ တိုင်းရင်းသားလူမျိုးများ၏ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို ဖော်ထုတ်တင်ပြခြင်းအစီအစဉ်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။



