မြောက်ဦးခရိုင် မြောက်ဦးမြို့နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး ၈၆ ဦး နုတ်ထွက်ခြင်းနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲကျင်းပ
မြောက်ဦးခရိုင် မြောက်ဦးမြို့နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး ၈၆ ဦး နုတ်ထွက်စာတင်ခြင်း၊ ပြည်နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် စစ်တွေမြို့ရှိ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။




