ခေတ်သစ် သ/မကို စိုက်ပျိုးလုပ်ကိုင်ခွင့်ပြုထားသည့် မြေဧက ၅၁၀ အား ပယ်ဖျက်နိုင်ရေး ဆောင်ရွက်မည် 

မြေလွတ်မြေလပ်/မြေရိုင်းဥပဒေနှင့် စိုက်ပျိုးလုပ်ကိုင်ခွင့် ရယူထားပြီး စိုက်ပျိုးစည်းကမ်းနှင့်မညီသော ခေတ်သစ် သ/မ မြေဧက ၅၁၀ ဧကအား
၁၃ ကြိမ်မြောက် ၅၀ဝ/- တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲမှ ရရှိသည့် ဆုလက်မှတ်အပါအဝင် ဆုလက်မှတ်ပေါင်း (၁၁၄၉၀) ဆုကို ယနေ့တိုင် တောင်းခံခြင်းမရှိ
မြန်မာနိုင်ငံစီမံကိန်း (Country Programme For Myanmar၂၀၁၄-၂၀၁၉) အကောင်အထည်ဖော်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ
မြန်မာနိုင်ငံစီမံကိန်း (Country Programme ၂၀၁၄-၂၀၁၉) အကောင်အထည်ဖော်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး စုစည်းခန်းမတွင် ကျင်းပသည်။
ရွှေရတနာအဆင့်မြင့်ရုပ်ရှင်ရုံသစ် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် ဖွင့်လှစ်
လူဦးရေ(၆၀ဝ)ဝန်းကျင်ခန့် တစ်ပြိုင်နက်တည်း ကြည့်ရှုနိုင်မည့် ရွှေရတနာ ရုပ်ရှင်ရုံသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းက ရန်ကုန်မြို့၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ၁၀ ရပ်ကွက်၊ အနော်ရထာလမ်း၊ အမှတ် (၂၂၀/၁)တွင် ကျင်းပသည်။ 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာအထူး ကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းအား  လက်ခံတွေ့ဆုံ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာအထူး ကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။
မိုးကောင်းမြို့နယ်၌ မိုးသီးဒဏ်သင့် မိသားစုများသို့ အိမ်မိုးသွပ်များပေးအပ်
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မရမ်းကျေးရွာ၌ ဖေဖော်ဝါရီ ၁၇ ရက်က မိုးသီးများကြွေကျကာ အိမ်အမိုးများ ပေါက်ပြဲပျက်စီးခဲ့သည့် မိသားစုများသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ် သိန်း ၃၀ဝ ကျော် တန်ဖိုးရှိ သွပ်ပြားများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက အဆိုပါ ကျေးရွာရှိ ကက်သလစ်ဘုရားကျောင်းတွင် ပြုလုပ်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်း တို့တွေ့ဆုံ
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်း တို့သည် ယနေ့ ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ တွေ့ဆုံကြသည်။