မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်အတွင်းရှိ သဘာဝတောတောင်စိမ့်စမ်းများဖြင့် သာယာလှပ နေသည့် မန္တလေးရေတံခွန်တောင်အား နိုင်ငံတကာခရီးသွားများ သွားရောက်လည်ပတ်နိုင်သည့် ခရီးစဉ်ဒေသ အသစ် တစ်ခုအဖြစ် ဖော်ထုတ်၍ ခရီးသွားအမျိုးအစား စုံလင်စွာ ထားရှိနိုင်စေရေးအတွက် ၄င်းရေတံခွန်တောင်အနီးရှိ ကျောက်နံရံများတွင် Rock Climbing (ကျောက်နံရံတက်ခြင်း) အားကစားနည်း လုပ်ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။