ဟီရာလန် အကြမ်းဖက်မှု သံသယရှိသူကို ဒတ်ချ်ရဲတပ်ဖွဲ့ ဖမ်းဆီး
ဒတ်ချ်တောင်ပိုင်း လင်းဘတ် ပြည်နယ်ရှိ ဟီရာလန်တွင် ပြီးခဲ့သည့် သောကြာနေ့က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုတွင် ပါဝင်သည့် သံသယရှိသူ တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဒတ်ချ်ပြည်သူ့အစိုးရရှေ့နေက ယမန်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။




