အွန်လိုင်းလောင်းကစားပွဲတွေကို ဖမ်းဆီးရာ ၁ ဘီလီယမ် ဒေါ်လာနဲ့အတူ လူ ၂၂ ဦး ဖမ်းဆီးခံရ
ဗီယက်နမ်နိုင်ငံမှာ အွန်လိုင်းလောင်းကစားပွဲကို ဖမ်းဆီးရာ အမေရိကန်ဒေါ်လာ ၁ ဘီလီယမ်နဲ့အတူ လူ ၂၂ ဦး ဖမ်းဆီးရရှိကြောင်း ပြီးခဲ့တဲ့ စနေနေ့က ထုတ်ပြန်ကြေညာပါတယ်။ အခုဖမ်းဆီးရရှိတဲ့ အွန်လိုင်းလောင်းကစားပွဲဟာ အကြီးဆုံးဖြစ်ကြောင်း သိရပါတယ်။ ကွန်မြူနစ် ဗီယက်နမ်နိုင်ငံမှာ နိုင်ငံတွင်း လောင်းကစားဟာ တရားမဝင်ဖြစ်ပေမယ့် မှောင်ခိုဈေးကွက် အထူးသဖြင့် အားကစားပွဲတွေမှာ လောင်းကြေးထပ်တာကတော့ လုပ်ရိုးလုပ်စဉ်လိုဖြစ်နေပါတယ်။





