IS အဖွဲ့ကို ဝင်ရောက်ခဲ့တဲ့ ဗြိတိန်နိုင်ငံသူ ဗြိတိန်နိုင်ငံကို ပြန်လိုကြောင်း ထပ်မံပြောဆို
ဗြိတိန် ဆယ်ကျော်သက် ကျောင်းသူ သုံးဦးဟာ ဆီးရီးယားရှိ IS အဖွဲ့ထဲကို ၂၀၁၅ ခုနှစ်က ဝင်ရောက်ခဲ့ပါတယ်။ အဲဒီထဲက တစ်ဦးဖြစ်တဲ့ ရှာမီမာ ဘီဂန် က ဗြိတိန်နိုင်ငံကို ပြန်လာချင်တဲ့ကြောင်း ပြီးခဲ့တဲ့ကြာသပတေးနေ့က တိုင်းမ် မဂ္ဂဇင်းမှာ ရေးသားထားပါတယ်။





