နယ်နိမိတ်အငြင်းပွားမှုကိစ္စနှင့်ပတ်သက်၍ ဂျပန်နှင့် ရုရှားတို့ ဆက်လက်သဘောထားကွဲနေ
ဂျပန်နိုင်ငံက ပိုင်ဆိုင်သည်ဟု အငြင်းပွားလျက်ရှိသည့် ရုရှားထိန်းချုပ် ကျွန်းလေးကျွန်းနှင့် ပတ်သက်သည့် သဘောထားကွဲလွဲမှုများ ကျဉ်းမြောင်းစေရန် ဂျပန်နှင့် ရုရှား နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးခဲ့မှုများ အောင်မြင်မှုမရခဲ့ကြောင်း သိရသည်။ သို့သော်လည်း ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်သွားကြရန် နှစ်ဖက်လုံးက သဘော တူညီခဲ့ကြသည်။




