ပါကစ္စတန်နိုင်ငံ၌ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားသဖြင့် တရုတ်နိုင်ငံသားသုံးဦးအပါအဝင် လေးဦးသေဆုံး
ပါကစ္စတန်နိုင်ငံတောင်ပိုင်း ကရာချိတက္ကသိုလ်တစ်ခုတွင် ယမန်နေ့မွန်းလွဲပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံသားသုံးဦးအပါအဝင် လေးဦးသေဆုံးခဲ့ပြီး အခြားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့် အခြားသတင်း အရင်းအမြစ်များက ဆိုသည်။




