ကိုဗစ်-၁၉ အကြောင်းတရားမှ လူသားအကျိုးပွားတိုးအောင်အားထုတ်
ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာ့လူသားအားလုံး ကြောက်မက်ဖွယ်ရာ ကြုံတွေ့နေရသည့် ကပ်ရောဂါဆိုးကြီး ဖြစ်သည်။ မမျှော်လင့်ဘဲ မကြုံစဖူး ကြုံတွေ့ခဲ့ရပြီး ယခုအခါ ကမ္ဘာတစ်ဝန်းတွင် ရောဂါပိုးကူးစက်ခံရသူ ၁၅ သန်းကျော်၊ သေဆုံးသူ ခြောက်သိန်းကျော် ရှိလာပြီဖြစ်သည်။ တရားတော်အရ လူသားအားလုံးသည် ရောဂါဘေးအပါအဝင် ဘေးဒုက္ခအမျိုးမျိုး နှင့်မကင်းပေ။ လူဟူ၍ ဖြစ်လာသည်နှင့် အနိစ္စ-မမြဲခြင်း၊ ဒုက္ခ-ဆင်းရဲခြင်း၊ အနတ္တ-အစိုးမရခြင်းဟူသည့် ဖြစ်ခြင်း၊ ပျက်ခြင်းတို့နှင့် မလွဲမသွေ ရင်ဆိုင်ရပေရာ ယခုအခါ ကြောက်မက်ဖွယ် ရောဂါဘေးဒုက္ခများကို ရင်ဆိုင်ဖြေရှင်းနေရဆဲဖြစ်သည်။
ပညာလိုဇွဲလုံ့လမလျော့ အားထုတ်ကြိုးပမ်း

ကောင်းကျိုးဆိုးကျိုး မျှော်တွေးချင့်ချိန်

အရှေ့၊ အနောက် မခွဲခြား၊ ကမ္ဘာ့နိုင်ငံများအကြား ဖြောင့်မတ်တည်ကြည်စွာ ရပ်တည်ခြင်း

ကျန်းမာရေးစောင့်ရှောက်မှုများတွင် ပူးပေါင်းပါဝင်

ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပူးပေါင်းပါဝင်
ကျွန်ုပ်တို့၏ပတ်ဝန်းကျင်ကို အကျည်းတန်အရုပ်ဆိုးစေပြီး ပြည်သူလူထု၏ ကျန်းမာရေးကို ထိခိုက်စေသော အမှိုက်ပြဿနာသည် လူဦးရေတစ်နေ့ တခြား တိုးပွားလာကာ လူမှုစီးပွားဘဝ မြင့်မားလာသည်နှင့်အမျှ စိန်ခေါ်မှု များ