ကျောက်ပန်းတောင်း၌ ဆောင်းကြက်သွန်ပြန်လည်စိုက်ပျိုးချိန်အထိ ကြက်သွန်ဈေးကျဆင်းလျက်ရှိ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ကြက်သွန်စိုက်တောင်သူများ ဆောင်းကြက်သွန်နီစိုက်ပျိုးချိန်အထိ ဈေးနှုန်းကျဆင်းနေခြင်းကြောင့် တောင်သူများလက်ထဲမှ ကြက်သွန်များအား အချိန်မလွန်ခင် ရသည့်ဈေးနှုန်းဖြင့် ရောင်းချရနိုင်ကြောင်း ကျောက်ပန်း တောင်းမြို့မှ ချိုကြီးပွဲရုံပိုင်ရှင် ဦးမြင့်ချို၏ ပြောပြချက်အရ သိရသည်။






